အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအရှေ့တွင် ယနေ့နံနက် (၄)နာရီ (၂၀)မိနစ်က နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအ‌လေးပြုခြင်းအခမ်းအနားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 04,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အောင်လံ-ကျော်စွာ-အောင်လံ အသွားအပြန် တာဝေးစက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမကြီးမှ စတင်ကျင်းပခဲ့သည်။
Jan 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်စာရေးဆရာအသင်းကြီးက ကြီးမှူးကျင်းပသော ဒုတိယအကြိမ်မြောက် "ဖျာပုံစာပေဆု" ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၁၂ နာရီက ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Jan 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှကျင်းပသော (၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၂ရက်နေ့ ညနေပိုင်းက ဖျာပုံမြို့နယ်ပြည်သူ့အားကစားခန်းမ၌ ကျင်းပသည်။
Jan 04,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ကျင်းပခဲ့သည်။
Jan 04,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇန်နဝါရီ ၂ ရက်နေ့ မွန်းလွှဲ ၁ နာရီက (၇၈)နှစ် လွတ်လပ်ရေး‌နေ့အကြို အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသခြင်း‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 04,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်သည်။