အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်က မအူပင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ပြည်သူ (၈၄)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
Jan 04,2026
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ကြေညာစာအမှတ်(၂/၂၀၂၆)ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဖျာပုံကျဉ်းထောင်မှ အကျဉ်းသား/သူ(၉၁)ဦးအား ဇန်နဝါရီ(၄)ရက် နံနက်(၁၀)နာရီခွဲက လွှတ်ပေးခဲ့သည်။
Jan 04,2026
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏အမိန့်အမှတ်(၂/၂၀၂၆)အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၃၇ ဦးကို ယနေ့က လွှတ်ပေးခဲ့ကြောင်း သိရသည်။
Jan 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်​ ရောက်ရှိသည့်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား နံနက်(၇)နာရီက လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင်ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jan 04,2026
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ထုပ်ဆီးထိုး၊ လွန်ဆွဲအားကစားပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။