အမြို့မြို့အနယ်နယ်သတင်းများ

May 18,2026
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူလူထုအား သိရှိလိုက်နာနိုင်စေရန်  မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက စစ်ပင်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
May 18,2026
တနင်္သာရီတိုင်း‌ဒေသကြီး မြိတ်မြို့တွင် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)ကို မေ(၁၈)ရက် နံနက် (၉)နာရီက မြိတ်ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
May 18,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူလူထုအကြား မှုခင်းဖြစ်ပွားမှုများ လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှမှုခင်း ကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးဟောပြောပွဲကို မေ(၁၈)ရက် နံနက်ပိုင်းက ကလွင်ကျေးရွာအုပ်စု၊ တောရ ကျောင်းရပ်၊ တောရအောက်ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပသည်။
May 18,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး)၊ (မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ ဒေါ်နန်းဆိုင်မွန်း၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
May 18,2026
မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်‌ဆောင်မိခင်များကျန်းမာ​ရေးအထူး​ကောင်းမွန်ပြီး​မွေးဖွားသည့်က​လေးငယ်များ ကျန်းမာသန်စွမ်း​ပြီး ဉာဏ်ရည်​ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟော ပြောခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးပေးဝေခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို မေ ၁၈ ရက်နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် စစ်‌ဆေးဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။