Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အလုံခရိုင်၊ အလုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ဈေးရောင်းဈေးဝယ်သူများကို အင်ဖက်၊ ငှက်ပျောဖက်များဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Oct 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဈေးရောင်းဈေးဝယ်များအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်၊ ငှက်ပျောဖက်များ ဖြန့်ဝေပေးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာမိတ်ဆက်ခြင်း အခမ်းအ…
Oct 15,2025
မုံရွာတက္ကသိုလ်သည် သင်ကြားသင်ယူမှုနည်းစနစ်များ၊ ဆန်းသစ်သောသုတေသနများနှင့် ဘဝတစ်သက်တာ လေ့လာသင်ယူမှုတို့ဖြင့် ဦးဆောင်နိုင်သောပညာရေး အဖွဲ့အစည်းအဖြစ် ရပ်တည်ရန် မျှော်မှန်ပြီး လုပ်ငန်းတာဝန်နိုင်ငံနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ကုန်ထုတ်လုပ်မှု အထောက်အကူပြုအသိပညာ၊ အတတ်ပညာမြင့်မားသော ပညာရှင်များထွန်းကားလာစေရေး အတွက် လေ့လာသင်ယူလိုစီဘီရှိသော ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖနီတီးရန်၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို နိုင်ငံတကာအဆင့်နှင့်အညီ လေ့လာသုံးသပ်ရန်၊ ဆရာ/ဆရာမများ၏ သင်ကြားသင်ယူသူ နည်းလမ်းများကို ပိုမိုကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆန်းသစ်သောသုတေသနများကို ဖော်ဆောင်၍ သုတေသန ရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ရန်၊ လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးမှတစ်ဆင့်ဘဝတစ်သက်တာသင်ယူနိုင်ရေးအတွက် အခွင့်အလမ်းများကိုဖန်တီးဝေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းများကို ပြုစုပျိုးထောင်၍ ဉာဏ်ရည်ဉာဏ်သွေးနှင့် တစ်ကိုယ်ရည်တိုးတက်မှုကို မြှင့်တင် ဆောင်ရွက်ရန်၊ နိုင်ငံတကာပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှ အစီအစဉ်များကိုမြှင့်တင်ရန် စတဲ့လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ G-12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HVP) ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်
Oct 15,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၉) နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူများအား (HVP) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
အမှတ်(၂)ရပ်ကွက် အ.မ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြော
Oct 15,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 15,2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက Video Conference စနစ်ဖြင့်တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး
Oct 15,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
160
Page
161
Page
162
Page
163
Current page
164
Page
165
Page
166
Page
167
Page
168
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department