သံတွဲ ဇွန် ၂၁
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ယမန်နေ့ နံနက် ၁၀ နာရီက သံတွဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ဟောပြောပွဲနှင့် ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ မိမိတို့ဌာနအနေဖြင့် ပြည်သူလူထုအတွက် ဝန်ဆောင် မှုပေးနေသည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ဆောင်ရန် ၊ရှောင်ရန်များကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇင်လတ်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများကိုလည်း ကောင်း အသီးသီးဟောပြောခဲ့ကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည်ရှုလေ့လာခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)