Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာ၌ ချောင်းရေတိုက်စားမှုကြောင့် ကျေးရွာချင်းဆက် ကွန်ကရစ်တံတား ကမ်းကပ်ခုံ ပြိုကျပျက်စီး
Aug 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကောင်းချောင်း ရေတိုက်စားမှုကြောင့် လောင်းကောင်း-ညောင်သပြေ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား ကမ်းကပ်ခုံ ကျိုးကျနိမ့်ဆင်းမှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 02,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက် (၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မှ စတင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျေးရွာများမှ ဘိုးဘွားများကို ကာကွယ်ဆေး ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကသာမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဩဂုတ်လ(၂)ရက်နေ့ နံနက်(၈) နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်တွင် စေတနာရှင် ပြည်သူများမှ ၄၀ လီတာ အောက်ဆီဂျင်အိုး ၂၀ လုံး လှူဒါန်း
Aug 02,2021
ပုလောမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ရာတွင် အထောက်အကူပြုနိုင်ရန် အတွက် အောက်ဆီဂျင်အိုးများကို ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများ စုပေါင်း၍ ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်တွင် နွမ်းပါးသူများအား ဆန်နှင့်ကြက်ဥများလှူဒါန်း
Aug 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်တွင် နွမ်းပါးသူများကို ဆန်(၁)ပြည်၊ ကြက်ဥ(၃)လုံးတို့ကို ဝန်လိုရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် အပါအဝင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Aug 02,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့က ကိုဗစ်-၁၉ ကာလအတွင်း သဲကုန်းမြို့နယ်အတွင်းရှိ ပရဟိတကျောင်းများ၊ စာသင်တိုက်များ၊ တရားဓမ္မရိပ်သာ ကျောင်းများနှင့်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်အပါအဝင်လှူဖွယ်ပစ္စည်းများအား သွားရောက်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်ရေနံချက်စက်ရုံ၌ ပင်စင်လစာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်အညီ ထုတ်ပေး သွားမည်
Aug 02,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အမှတ် (၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘပြည်သူများ၏ ပင်စင်လစာများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေး စည်းကမ်း ချက်များနှင့်အညီ သြဂုတ် ၃ ရက် နံနက် ၈ နာရီတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါရေနံချက် စက်ရုံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲ့မြို့နယ်တွင် သံဃာတော်များ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Aug 02,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် သံဃာတော်များ၊ အသက် (၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က လှိုင်းဘွဲ့မြို့ အောင်ဆန်းခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26259
Page
26260
Page
26261
Page
26262
Current page
26263
Page
26264
Page
26265
Page
26266
Page
26267
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department