အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2026
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးရှေးရှုကာ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးခြင်းမှ သီးနှံအထွက်တိုး ဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီဖူလုံစေရေးအတွက် ယခင်နှစ်များကထက် ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိရာ ဆောင်သီးနှံနေကြာစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကြောင်းသိရသည်။
Jan 06,2026
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မုန့်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေ ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
Jan 06,2026
၂၀၂၆ ခုနှစ် (၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ် နောင်ယား(က)ရပ်ကွက် “သီရိဒေါလမ်း” (၁၈ပေ)အကျယ် ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါလမ်းသစ် မုခ်ဦးရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Jan 06,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကာလအတွင်း ရပ်ကွက်/ကျေးရွာများ၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကော့ကရိတ်ခရိုင် မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များ၊ မဲရုံအဆောက်အဦနှင့် အနီးဝန်းကျင်နေရာတို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးပညာပေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 06,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ် နည်းပညာတက္ကသိုလ် (လွိုင်ကော်)နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများတက်ရောက်ကြသည်။
Jan 06,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းကစတင်၍  မုံရွာတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမနှင့် မုံရွာစီးပွားရေးတက္ကသိုလ် ပင်မ‌ဆောင်ငွေရတု ခန်းမတို့တွင်ကျင်းပခဲ့ရာ အခမ်းအနားများသို့ သက်ဆိုင်ရာတက္ကသိုလ်များရှိ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
Jan 06,2026
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒို့အတူတူမဲပေးကြစို့ LED ပိုစတာကြော်ငြာဘုတ်ကို ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းက လှည့်လည်ပြသသည်။