Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး
May 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ရှမ်းရွာကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံလူတန်းစားများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦး ကျော်သူဝင်း (ရွှေမန်း) ဦးဆောင်၍ ('ရွှေမန်း) လူမှုဘဝမြှင့်တင်ရေး ပရဟိတအဖွဲ့မှ တန်…
May 19,2025
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော်သူဝင်း (ဦးရွှေမန်း) ဦးဆောင်၍ 'ရွှေမန်းလူမှုဘဝမြှင့်တင်ရေးပရဟိတအဖွဲ့မှ တန်ဖိုးနည်းအဝစား (၁၀၀၀) ကျပ်တန် ထမင်းရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ပဒံရပ်ကွက်၊ သမကုန်းမီးပွိုင့်အနီးတွင် ရောင်းချပေးသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ (၆၇)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်၏ ညအထူးတရားပွဲ(မြန်မာဘာသာ) တတိယနေ့ ဆက်လက်ကျင်းပ
May 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနရက္ခိတဓမ္မဗိမာန်တော်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၆၇)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော်၏ ညအထူးတရားပွဲ (မြန်မာဘာသာ)ကို ယမန်နေ့ ည ၇နာရီ တွင် ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲကျင်းပ
May 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရော ၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 19,2025
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၉ နာရီမှ စတင်ကာ တောင်သူဦးကြီးများထံ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 19,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ဌာနဆိုင်ရာအဆောက်အဦများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း၊ တအိမ်တက်/ဆင်း ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းနှင့် အသိပညာပေးခြင်းအား ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
May 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပညာရေးမှူးရုံးက ကြီးမှူး၍ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့မှ စတင်ကာ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်၌ စခန်းသွင်းသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံအားပေး
May 19,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် စခန်းသွင်းလေ့ကျင့်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ဥတ္တရခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များက စိတ်အပန်းပြေစေရန်နှင့် အားပေးစကားပြောကြားခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1639
Page
1640
Page
1641
Page
1642
Current page
1643
Page
1644
Page
1645
Page
1646
Page
1647
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department