ချောင်းဆုံ ဇန်နဝါရီ ၆
မွန်ပြည်နယ်ချောင်းဆုံမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးရှေးရှုကာ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးခြင်းမှ သီးနှံအထွက်တိုး ဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီဖူလုံစေရေးအတွက် ယခင်နှစ်များကထက် ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိရာ ဆောင်သီးနှံနေကြာစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကြောင်းသိရသည်။
မြို့နယ်အတွင်း လာမည်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နွေးစပါး(၁၂၄)ဧက၊ နေကြာ (၃၅၂၀) ဧက၊ မြေပဲ (၁၁၉) ဧက၊ နှမ်း (၂၅) ဧက၊မတ်ပဲ(၃၇၂၀)ဧက၊ ပဲတီစိမ်း(၁၄၅၀)ဧက၊ ပဲလွန်း(၂၁)ဧက၊ ဘိုကိတ်(၇၅)ဧက၊ ပဲပုတ်(၅)ဧက နှင့် ပိုက်ဆံလျှော်(၂၀)ဧက စုစုပေါင်း (၉၀၇၉) ဧက စိုက်ပျိုးနိုင်ရန်လျာထားဆောင်ရွက်လျက်ရှိပြီး လျာထားဧကတွေပြည့်မီအောင် စိုက်ပျိုး နိုင်ဖို့အတွက် တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့်မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစုအထောက်အပံ့များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)