အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲရုံများ လျာထားပြင်ဆင်ထားမှုအခြေအနေများအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများနှင့်အတူ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 06,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ “တစ်မျိုးသားလုံး ကျန်းမာစေဖို့ ကျောင်းကျန်းမာရေး ဆောင်ရွက်ကြစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ  အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ ကျန်းမာပြီးပျော်ရွှင်စွာ စာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဟောပြောပွဲများ ဆောင်ရွက်နေလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က အ.ထ.က(၃)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၆၁) ရပ်ကွက်ရှိ မဟာဝိနယာလင်္ကာရကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက၊ ရန်ကုန်မြို့ ဆေကဝတီတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်၊ မင်းကွန်းတိပိဋကနိကာယဝင်တပည့်များအဖွဲ့၏ အကျိုးတော်ဆောင်ဖြစ်သော သက်တော် (၇၀) နှစ်၊ သိက္ခာတော် (၅၀) ရှိ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ဝိနယာလင်္ကာရ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 06,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) ကျင်းပမည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Jan 06,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့၌ မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားကို အ.ထ.ကမင်းလှ(မြို့တွင်း) သပြေခန်းမ၌ ဇန်နဝါရီ ၃ ရက်နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်သည်။
Jan 06,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီ  ၃ ရက်နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက်၊ သီရိရတနာခန်းမ၌ ပြုလုပ်သည်။
Jan 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Jan 06,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်ခန်းမ၌ ပြုလုပ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ၊ မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။