Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်တွေတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ ကျင်းပ
Feb 07,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မြအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Feb 07,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကံကလေး အ.မ.က(မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မင်းကုန်း)တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Feb 07,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မင်းကုန်း)၌ ကျောင်းသား၊ ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပ
Feb 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၇ ရက်နေ့ထိ တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်၊ ရှမ်းကွင်းရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမ၌ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (IDP) ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က (IDP)ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နတလကျောင်း (ပင်လုံ)၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ
Feb 07,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ(၂)နာရီက အ.ထ.က(ကဝ)၊ ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ပြန်လည်အတည်ပြု စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်
Feb 07,2025
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းများကို ၂၀၂၂ ခုနှစ်တွင် ကောက်ယူပြီးစီးခဲပြီး မြေပြင်ကွင်းဆင်း၍ ပြန်လည်အတည်ပြုစစ်ဆေးခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် ရပ်ကွက်ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကာ ဇန်နဝါရီလ (၂၄) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ကျေးရွာ (၃) ရွာရှိ စုရပ်များတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ချီးမြှင့်
Feb 07,2025
အားကစားနှင့်ကာယပညာဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1633
Page
1634
Page
1635
Page
1636
Current page
1637
Page
1638
Page
1639
Page
1640
Page
1641
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department