Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပ
Jan 07,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီ (၆) ရက်နေ့နံနက် (၁၀) နာရီအချိန်က ရွှေဘိုတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ
Jan 07,2026
၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း (၂) တွင် အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဇန်နဝါရီလ (၆) ရက်နေ့ ညနေ (၃) နာရီအချိန်က အ.ထ.က ကျောင်းစုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 07,2026
ယခုအခါ ပူပြင်းခြောက်သွေ့သောနွေရာသီကို ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း နေရာအနှံ့အပြား၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ စစ်ဆေးကြတ်မတ်မှုလုပ်ငန်းများအား အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) ရက်နာရီအချိန်ကအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ပြည်သူများသို့ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လှည့်လည်နှိုးဆော်
Jan 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ပြည်သူများပူးပေါင်းပါဝင်ရေး လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီလ ၅ ရက်၊ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေး
Jan 07,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းမဲဆန္ဒရှင်ပြည်သူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားစိစစ်ရေး မပြုလုပ်ရသေးသူများနှင့် ပျက်စီး၊ ပျောက်ဆုံးနိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့စဉ် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က-၂ ကျိုင်းတုံ၌ ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်လွင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ထက်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညို၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်နှင့် ပြည်နယ်ပညာရေးမှူး ဒေါ်နော်ရုသ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့တွင် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေးလှည့်လည်ဆော်ဩ
Jan 07,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း(၂)အတွက် မဲရုံဖွင့်လှစ်မည့် ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ကျောတိုက်) ကျောင်းအနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေး လှည့်လည်ဆော်ဩခြင်းများကို ဇန်နဝါရီ ၅ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရန်အတွက် မဲပေးစက်နှင့်ဆပ်စပ်ပစ္စည်းများ ရောက်ရှိ
Jan 07,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပရန်အတွက် MEVM မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ခန်းမသို့ရောက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1635
Page
1636
Page
1637
Page
1638
Current page
1639
Page
1640
Page
1641
Page
1642
Page
1643
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department