ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)သို့ တက်ရောက်

ဟားခါး ဇန်နဝါရီ ၆

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို ဇန်နဝါရီလ ၆ ရက်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က (၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များကို အကောင်းဆုံးဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ယခင်နှစ်အတွေ့အကြုံများအပေါ်အခြေခံ၍ အားနည်းချက်များမရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းကော်မတီအလိုက် သုံးစွဲသည့်ရန်ပုံငွေများ စာရင်းစစ်ဆေးခံနိုင်အောင် စနစ်တကျဆောင်ရွက်ရန်နှင့် ပြန်လည်အသုံးပြု၍ရသည့် ပစ္စည်းများကိုလည်း စနစ်တကျစုစည်းရန်လိုကြောင်း၊ လုပ်ငန်းကော်မတီများတွင်ပါဝင်သည့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံ့လဝီရိယအပြည့်ဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးနှင့် ဦးစီးကော်မတီဝင်များဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းနှင့် ခေတ္တပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းဆွေတို့က (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများဖြစ်ကြသည့် အရေးကြီးပုဂ္ဂိုလ်များဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ ၊ စာတမ်းမှတ်တမ်းပြုစုရေးလုပ်ငန်းကော်မတီ ၊ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်နိုင်ရေးလုပ်ငန်းကော်မတီ ၊ ဆုချီးမြှင့်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီ ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေးလုပ်ငန်းကော်မတီ ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ ၊ မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ၊ ချင်းရိုးရာ အခမ်းအနားပြင်ဆင်ရေးနှင့်ဝတ်စားဆင်ယင်မှုလုပ်ငန်းကော်မတီ ၊ ပြခန်းများကျင်းပရေး လုပ်ငန်း ကော်မတီ ၊ ဖွင့်ပွဲ ပိတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ ၊ ကြိုဆိုနေရာချထားရေးနှင့်ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေးနှင့်သတင်း ထုတ်ပြန်ရေး လုပ်ငန်းကော်မတီ ၊ စာရင်းစစ်ဆေးရေးလုပ်ငန်းကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင် စွာကျင်းပနိုင်ရေး နာယက၊ ပြည်နယ် ဝန်ကြီးချုပ် လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

( ခရိုင် ပြန်/ဆက် )