အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2026
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအ‌ထွေထွေ‌ရွေးကောက်ပွဲအပိုင်း (၂) အား ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်များမှ ကြိုတင်မဲပေးထားသည့် မဲပုံးများအား နံပါတ်ပါလုံခြုံရေးကြိုးများဖြင့် လေးဘက်ချည်‌နှောင်ထားပြီး မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုံခြုံစွာသိမ်းစည်းထားခြင်းကို ဇန်နဝါရီလ ၆ ရက်နေ့က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 07,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ တပေါင်းကွင်း ယာယီမီးဘေးကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းမှုများဆောင်ရွက်ကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Jan 07,2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 07,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ လင်းခေးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး၊ လင်းခေးခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ လိုက်ပါလျက် လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများ သက်ဆိုင်ရာမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jan 07,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်း(အမှတ်-၁)လမ်းတွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
Jan 07,2026
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြပွဲ၊ ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို မကွေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၄ ရက်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ကြသည်။
Jan 07,2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးနှင့်တာဝန်ရှိသူ များက နိုင်ငံတော်ဘတ်ဂျက် ၅၀ ရာခိုင်နှုန်း ထောက်ပံ့ငွေဖြင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသော ကျိုက်မရောမြို့နယ်နတ်စမ်းစံပြကျေးရွာရှိ အာရုဏ်ဦး လယ်/ ထွေသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များနှင့် အသင်းသားအားတွေ့ဆုံပွဲကို ယမန်နေ့က ကျိုက်မရောမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော် အခမ်းအနားကို အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ ရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။