အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2022
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သတ်မှတ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။
Jun 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ အချိန်တွင် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွားများအား မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဒေါ်မို့မို့ကျော် ဦးဆောင်၍ နယ်မြေခံတပ်အသီးသီးမှ ဆရာဝန်များ၊ အခြားအဆင့်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 23,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင် စားသုံးသူ​ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပ​သောစားသုံးသူ အကာအကွယ်​ပေး​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို ယ​နေ့နံနက်၁၀နာရီချိန်​ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Jun 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည် စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ
Jun 23,2022
၂၀၂၂ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိရစ္ဆာန်အစာနေဗီယာမြက်သရုပ်ပြ စိုက်ပျိုးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈နာရီခွဲအချိန်က ကျွဲတဲကျေးရွာအုပ်စု၊ မီးသွေးကန်ကျေးရွာ တောင်သူ ဦးသန်းဝင်း၏ ယာမြေတစ်ဧကတွင်ပြုလုပ်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးအောင်နှင့်ဝန်ထမ်းများ၊ ခရိုင်မွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်နို့စားနွားမွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုကြသည်။
Jun 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တိုက်နယ်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုကို