ဒဂုံမြောက် ဇွန် ၂၃
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သတ်မှတ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတ်မှတ်ဆေးထိုးစုရပ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ(၅)ဦးနှင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူ(၃၉၀)ဦး စုစုပေါင်း(၃၉၅)ဦး တို့အား တတိယ အကြိမ်(Booster dose)အဖြစ် Covishield နှင့် Covaxin ကာကွယ်ဆေးများကို ယမန်နေ့က ဆက်လက်ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ