အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် မျောက်ကျောက်ရောဂါ (Monkeypox)နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Jun 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးတောင်သူများ ပိန္နဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်းကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၁၀၀၀ ကျပ်ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်ခင်းဝင် ငွေတွက်ခြေကိုက်နေကြကြောင်း သိရသည်။
Jun 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကန်ကြီးကုန်းရွာ ဘုန်းတော်ကြီးသင်ကျောင်းတွင် ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၇၀) အတွက် ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဗလာစာအုပ်နှင့် ခဲတံများ သွားရောက်လှူဒါန်းခဲ့ကြောင်း ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစု အသင်းအကျိုးတော် ဆောင်များထံက သိရသည်။
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁ဝး၀၀) နာရီကစ၍ ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အမှတ်(၂၀) ရပ်ကွက်ခွဲရှိ အမှတ်(၄၆)အခြေခံပညာမူလတန်း‌ကျောင်း၌ ထိုးနှံပေးကြောင်း သိရသည်။
Jun 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာနှင့် နဖူးပြားတဲတိုက်သို့ ဇွန် ၁၀ ရက်၊နံနက် ၈ နာရီအချိန်က သောက်သုံးရေဂါလံ(၃၂၀၀)သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုးတော်ဆောင်များထံက သိရသည်။
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေးနှင့် ဒေသအပူချိန် လျှော့ချ နိုင်စေရန် ရည်ရွယ်၍ ‌ယမန်နေ့နံနက်ပိုင်းက မြို့နယ် မီးသတ်တပ်ဖွဲ့ရုံးဝန်းအတွင်းတွင် မိုးရာသီ အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်စည်ပင် သာယာရေးအဖွဲ့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဌာနဆိုင်ရာများ အချင်းချင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။