Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ကျောင်းဝင်းအတွင်း ကချင်ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 11,2022
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ကျောင်းဝင်းအတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းမိသားစုများ၏ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲက အဆိုပါ ကျောင်းဝင်း အတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ငါးမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ ငါးမွေးမြူရေးပ…
Jun 11,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)၏ စိုက်ပျိုးရေးဒီပလိုမာ(ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက် ရောက်အားပေးအမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၏ ( ၆၄ ) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ
Jun 11,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာမြို့နယ် စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်းပြီး (၆၄)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုးက အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာမ မဥ္ဇူသက (မုံရွာ)၏ နှလုံးသွေးနဲ့ရေးတဲ့မှတ်တမ်း (၂) ဦးညွတ်ပါရစေ မြင့်မိုရ်မေမေနှင့် အခြားဆောင်းပါများအပြင် ဆောင်းပါစာအုပ်ပါ အကြာင်းအရာများကို စာရေးသူကိုယ်တိုင် ဦးဆောင်ပြီး ဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့တွင် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jun 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ နယ်မြေခံ တပ်မတော်သားများနှင့် ရပ်ကွက်နေ ပြည်သူများပူးပေါင်းကာ မြို့မ ရပ်ကွက်၊ အ.ထ.က(ခွဲ)ကျောင်းရှေ့ရှိ ကျွန်းစိုက်ခင်းအတွင်း ခြုံနွယ်ပေါင်းပင်များ ရှင်းလင်းခြင်း၊ ပင်ပွားပင်များ ကိုင်းခွဲများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရမ်းဗြဲမြို့နယ်၌ မျိုးစပါးထုတ်လုပ်မည့် တောင်သူများသို့ မျိုးကောင်းမျိုးသန့် (RS) အဆင့်မျိုးစေ့ ပေးအပ်ပွဲကျင်းပ
Jun 11,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးကောင်းမျိုးသန့် စပါးထုတ်လုပ်ခြင်းကို လုပ်ကိုင်ဆောင်ရွက်ကြမည့် တောင်သူများသို့ စပါးမျိုး ကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်နိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် (ဆင်းသွယ်လတ်) မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ရွာကြီးအုပ်စု၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ရှင်းလင်းဆောင်တွင် ကျင်းပကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 11,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့ရှိ သဘာဝရေထွက် သန့်ရှင်းသာယာလှပရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သစ်ပင်စိုက်ပျိုး
Jun 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့ဦးသဘာဝရေထွက် သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ရေထွက် ပတ်ဝန်းကျင်စိမ်း လန်းစိုပြေစေရန် သစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီက စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပညာရောင်ခြည်စာကြည့်တိုက်ဖွင့်လှစ်
Jun 11,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ကိုယ်ထူကိုယ်ထ ပညာရောင်ခြည်စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် ရွာသာယာကျေးရွာအတွင်း ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16384
Page
16385
Page
16386
Page
16387
Current page
16388
Page
16389
Page
16390
Page
16391
Page
16392
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department