ညောင်ဦး ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကန်ကြီးကုန်းရွာ ဘုန်းတော်ကြီးသင်ကျောင်းတွင် ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၇၀) အတွက် ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဗလာစာအုပ်နှင့် ခဲတံများ သွားရောက်လှူဒါန်းခဲ့ကြောင်း ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစု အသင်းအကျိုးတော် ဆောင်များထံက သိရသည်။
ညောင်ဦးမြို့နယ် ကန်ကြီးကုန်းကျေးရွာ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်းတွင် တက်ရောက်ပညာသင် ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၇) ဦးအတွက် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ပေတံ (၅၀) ချောင်း၊ ခဲတံ (၄၀) ချောင်း၊ ဗလာစာအုပ် (၃၀၀) အုပ်၊ ခဲဖျက် (၅၀) ခု၊ ခဲတံချွန်စက် (၅) ခုတို့အား ကန်းကြီးကုန်းကျေးရွာ၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်းသို့ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ကြေးမုံ