အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2026
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လွိုင်လင်မြို့၊ အ.ထ.က(၃) ကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Jan 07,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို  ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)  ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
Jan 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ၂၀၂၆ ခုနှစ် ယမန်နေ့ ညနေ (၃)နာရီက မိုင်းပျဥ်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
Jan 07,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)သည် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် အတူရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပပြုလုပ်မည့် လှိုင်းဘွဲမြို့နယ်သို့ သွားရောက်၍ သက်ဆိုင်ရာလွှတ်တော်နည်းဥပဒေ (၆၃) ပါ ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်၌ မဲဆန္ဒနယ်အတွင်းရှိသော်လည်း မဲရုံသို့ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့် စနစ်တကျ ဖြစ်စေရန်အတွက် ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေအား ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီက ကြည့်ရှုအားပေး၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့အား လိုအပ်သည်များကို ကြပ်မတ်လမ်းညွှန်ဆောင်ရွက်ပေးခဲ့သည်။
Jan 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ၂၀၂၆ ခုနှစ် ယနေ့နံနက် (၈)နာရီက မိုင်းပျဉ်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။
Jan 07,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင်ကျင်းပမည့် မဲရုံများနှင့် မဲပေးစက်များအား ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့သည်။
Jan 07,2026
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပုံပါကျင်မြို့ရှိ အသက်(၁၈)ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ယမန်နေ့မွန်းလွဲ (၃ နာရီ ၃၀ မိနစ်)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်အောင် ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ဒုတိယအကြိမ်ထပ်မံလှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့် အပိုင်း(၃)ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်ကထုတ်‌ဝေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီအချိန်က မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။