Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ် ကျောက်ဆောက်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး
Sep 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ဝင်ငွေတိုးပွားစေရေးအတွက် အရင်းမပျောက် မတည်လည်ပတ်ငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများထုတ်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျောက်ဆောက်ကုန်းကျေးရွာတွင် အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Sep 04,2022
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်)တွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် သစ်ပတီးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး
Sep 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျစေရန် ရည်ရွယ်၍ စက်တင်ဘာ ၄ ရက်၊ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် မဒဲကျေးရွာအုပ်စု ၊ သစ်ပတီးကုန်းကျေးရွာသို့ သွားရောက်ပြီး သတ္တမနှစ်စက်ဝန်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ စပါးနှင့်နေကြာသီးနှံများအတွက် ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်
Sep 04,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ ပုန်းအင်းကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျေးရွာခန်းမ၌ စပါးနှင့်နေကြာသီးနှံများအတွက် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Sep 04,2022
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့၌ တစ်လမ်းမောင်းစနစ် သိရှိလိုက်နာနိုင်ရေး ပညာပေးဆောင်ရွက်
Sep 04,2022
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ မြို့မစျေး မြောက်ဘက်လမ်းအား ယာဉ်သွားလာမှု စနစ်တကျရှိစေရေးအတွက် ယခင်ကျင့်သုံးခဲ့သည့် တစ်လမ်းမောင်းစနစ် (One-way) အား အနှေးယာဉ်မောင်းနှင်သူ၊ ယာဉ်မောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်အတွက် ပညာပေးဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၉နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယာဉ်အန္တရာယ် ကင်းရှင်းစေရေး တွံတေး၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်
Sep 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မင်းပိုင်းရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်ရှေ့ မီးပွိုင့်လမ်းဆုံတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တွံတေးမြို့နယ် ရဲတပ်ဖွဲ့ တို့မှဦးဆောင်၍ (၅၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲအုပ်ဇော်မင်းဦး ဦးဆောင်သော ယာဉ်ထိန်း တပ်ဖွဲ့ဝင်နှင့် ပူးပေါင်းအဖွဲ့တို့မှ ယနေ့ နံနက် ၈ နာရီ အချိန်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် စံပယ်ခြုံကျေးရွာမှ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ
Sep 04,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက စပယ်ခြုံကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16349
Page
16350
Page
16351
Page
16352
Current page
16353
Page
16354
Page
16355
Page
16356
Page
16357
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department