ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် မဲပေးခွင့် အခွင့်အရေး ပြည့်ဝစွာ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာဘာသာ၊ ကရင်(စကော)၊ ကရင်(ပိုး)၊ မွန်ဘာသာ၊ ပအိုဝ်းဘာသာတို့ဖြင့် ရေးသားဖော်ပြထားသည့် မဲဆန္ဒပေးရာတွင် သိရှိလိုက်နာရန်အချက်များ၊ သတိပေးတားမြစ်ချက်များ၊ EVM စက်ဖြင့် ဘယ်လိုမဲပေးကြမလဲ၊ မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် စသည်တို့ ပါဝင်သော လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် စစ်ဗျူဟာမှူး၊ စစ်ဗျူဟာအဖွဲ့(အခြေချ)၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်း၍ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)