သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်တာဝန် ထမ်းဆောင်နေကြသည့် စစ်သည်များအား ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်

သာပေါင်း စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေကြသော စစ်သည်တို့အား ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး မြဝတီခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့တို့မှ ထောက်ပံ့ငွေများ ချီးမြှင့် ပေးအပ်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းမှ အဖွင့်အမှာ စကားပြောကြား ပြီးနောက် ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေကြသော စစ်သည်(၇)ဦး၊ တစ်ဦးလျှင် (၃၀၀၀၀)ကျပ်စီဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်း ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးနှင့် မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့တို့က ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ချီးမြှင်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း