ရွှေကျင်မြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster Dose ထိုးနှံပေး

ရွှေကျင် စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွှေကျင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက် (၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား (တတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်မှစ၍ အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်သူများအား (တတိယအကြိမ်) Booster Dose ကို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသော ကျောင်းသား/ကျောင်းသူများကို စာရင်းရေးသွင်းခြင်း အပူချိန်တိုင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များနှင့်အညီ ကျောင်းသား/ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအကြိမ်) Booster Dose ထိုးနှံပေးခြင်းကို အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား စုရပ်အဖြစ်ထားရှိပြီး အ-လ-က(ခွဲ)အနောက်ဘက်ကျောင်း၊ မူလွန်(မဒေါက်ကလေး)ကျောင်း၊ မူလွန်(မောင်းရုံ)ကျောင်း၊ မူလွန်(ဝဲကြီး)ကျောင်း နှင့် မူလွန်(ထောင်လောင်)ကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူများမှ လာရောက်ထိုးနှံလျက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်နှင်းမို့မို့နှင့်ဆရာ/ဆရာမများ၊ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

ထွန်းထွန်းဇော်(ပြန်/ဆက်)