ဘီးလင်း စက်တင်ဘာ ၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး နွားနို့တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်း အ.ထ.က (ဘီးလင်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက အာဟာရနွားနို့ သောက်သုံးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်နွားနို့ တိုက်ကျွေးခြင်း အစီအစဉ်ပြုလုပ်ရာ မွေးမြူရေးနှင့်ကူသရေးဦးစီးဌာနမှ ဝန်ထမ်းများက K.G တန်းမှ Grade – 2 အထိ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦးတို့အား နွားနို့ဘူးများကို ဝေငှခဲ့ကြကြောင်း သိရသည်။
ထူးနောင် (ပြန်/ ဆက်)