ရွှေသောင်ယံမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများနှင့် ယာဉ်များအား စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ရွှေသောင်ယံ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းတွင် ယမန်နေ့ နံနက်ပိုင်းက လမ်းပေါ်ရှိသွားလာနေသော ဆိုင်ကယ်စီးနင်းသူများအား ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ သွားလာရန်၊ မလိုလား အပ်သော ယာဉ်အန္တရာယ်ဖြစ်ပွားမှုများမှ ကင်းဝေးစေရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထို့နောက်ယာဉ်များအား စစ်ဆေးခြင်း၊ အသိပညာပေးခြင်း စသည်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လမ်းစည်းကမ်းနှင့် သက်ဆိုင်သော လုပ်ငန်းများ၊ ယာဉ်များပေါ်တွင် တရားဥပဒေနှင့် မညီညွတ်သော ပစ္စည်းများသယ်ဆောင်ခြင်းမပြုရန် ကုန်တင်ယာဉ်များအား ရပ်တန့်စစ်ဆေးသော လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ စည်းကမ်းပိုင်းဆိုင်ရာ ဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရွှေသောင်ယံမြို့ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်နှင့် ဝန်ထမ်းများ၊ ရွှေသောင်ယံ နယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရွှေသောင်ယံမြို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ စသည်ဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)