ဂွ စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါနှင့် ပတ်သက်၍ အသိပညာပေး (Talk Show) ကို Community Centre ခန်းမ လူထုအခြေပြုဗဟိုဌာန၌ ယနေ့၊ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါနှင့် ပတ်သက်၍ သိရှိလိုသော အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာ ပိုင်စိုးဦးက ရောဂါနောက်ခံသမိုင်း၊ ကူးစက်ခံရနိုင်သည့် တိရစ္ဆာန်များ၊ အရေးကြီးရောဂါဟု သတ်မှတ်ရသည့်အကြောင်အရင်း၊ လူကိုကူးစက်နိုင်သည့်ရောဂါ ဟုတ်/ မဟုတ်၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ ကုသခြင်း လုပ်ငန်းများနှင့် ဖြည့်စွက်ပြောဆိုသည့် အချက်များကို အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော် (ပြန်/ ဆက်)