ငါန်းဇွန် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ရွှေဘုံသာနဂါးရုံ စေတီတော်ဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦး၏ ဦးဆောင်မှုဖြင့် ရွှေဘုံသာနဂါးရုံစေတီတော်ရင်ပြင် သန့်ရှင်းသာယာလှပရေးအတွက် ရဲတပ်ဖွဲ့ဝင် (၄၅) ဦးတို့ စုပေါင်းပြီး စေတီတော်ဝင်း အတွင်း/အပြင်ရှိ ခြုံနွယ်ပင်များ၊ မြက်ပင်များနှင့် အမှိုက်သရိုက်များအား ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)