မဟာအောင်မြေမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံများ ကြည့်ရှုစစ်ဆေး

မဟာအောင်မြေ ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ဟေမမာလာတောင်ရပ်ကွက်ရှိ မဲရုံများသို့ ရောက်ရှိခဲ့ပြီး ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့‌နောက် မဟာအောင်မြေမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် တာဝန်ရှိသူများက အပိုင်း(၂)အဖြစ် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဟေမမာလာတောင်ရပ်ကွက်ရှိ မဲရုံများ ခင်းကျင်းထားရှိမှုနှင့် မဲရုံမှူး၊ဒုမဲရုံမှူးများအား မဲဆန္ဒရှင်ပြည်သူများ အချိန်တိုအတွင်း မဲပေးနိုင်စေရန်နှင့် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲများပေးနိုင်စေရန်အတွက် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးများ၊ ရပ်ကွက်စာရေးများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)