ကျောက်ဆည် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ်(၁)အတွင်းရှိ ကျေးရွာအုပ်စု ၇ အုပ်စု၌ ဆောင်းသီးနှံ ၇၅၂၂ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
တိုက်နယ်(၁)၌ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ အနောက်ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများ ပါဝင်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီ၌ ဖူးစားပြောင်း ၄၂၀ ဧက၊ မြေပဲ ၃၀ ဧက၊ နေကြာ ၇၇၅ ဧက၊ ပဲတီစိမ်း ၅၆၆ ဧက၊ ကုလားပဲ ၁၇၆၇ ဧက ၊ ပဲကြီး ၆၀ ဧက၊ အခြားပဲ ၁၁၄၂ ဧက၊ ငရုတ် ၂၉၁ ဧက၊ ကြက်သွန်နီ ၂၁၀၉ ဧက၊ ကြက်သွန်ဖြူ ၁၁ ဧက၊ ကျွဲနွားစာ ၁၉၉ ဧက၊ ဟင်းသီး/ဟင်းရွက်မျိုးစုံ ၁၅၂ ဧက စုစုပေါင်း၇၅၂၂ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် လျာထားစိုက်ဧကများ ပြည့်မီရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များမှ တောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်းနှင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ဒေသနှင့်ကိုက်ညီသည့် မျိုးများ ဖြန့်ဝေခြင်း၊ မြေပြင်ပြုခြင်း၊ အပင်ပြုစုခြင်း၊ ပိုးမွှားနှိမ်နင်းကာကွယ်ခြင်း၊ ရိတ်သိမ်းသိုလ်လှောင်ခြင်း နည်းစနစ်များ အသိပညားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)