ကန်ကြီးထောင့်မြို့နယ်၌ မဲရုံတည်ဆောက်မှုအခြအနေများအားလိုက်လံကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အား အောင်မြင်စွာကျင်းပနိုင်ရေး ကျေးရွာအုပ်စု များ၌ မဲရုံတည်ဆောက်မှုအခြအနေများအား ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများမှ သွာရောက်၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် ဦးဆောင်သောအဖွဲ့သည် ဝဲကြီးကျေးရွာအုပ်ချုပ်ရေးမှူး ရုံးသို့သွားရောက်ပြီး ဝဲကြီး၊ ပေပင်ပင်ကြီး၊ ပေပင်လေး၊ အစုကြီး၊ ရေတွင်းကုန်းလေး၊ ရှမ်းရွာ၊ သောင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မဲရုံများဖွင့်လှစ်ရန် လျာထားမှုအခြေအနေများ၊ မဲစာရင်းများကပ်ထား ကြေညာထားရှိမှုအခြေအနေများ၊ ကြိုတင်မဲပေးမှုအခြေအနေများ ကွင်းဆင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် အ.ထ.က-ဝဲကြီးစာသင်ကျောင်းသို့သွားရောက်ပြီး မဲရုံနေရာလျာထားမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီးနောက် စာသင်ကျောင်းအတွက် အလှူငွေများအား ထောက်ပံ့လှူဒါန်းခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)