အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အနေဖြင့် ပါတီစုံဒီံမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း-၂ တွင် ကျင်းပမည့် ရွှေမိုးမြေကျေးရွာ မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 07,2026
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ရွေးကောက် ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက ဝမ်းတွင်းဈေးကြီး၊ သဲတော-ဝမ်းတွင်း လမ်းမကြီးဘေးရှိ စတိုးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ ဆိုင်ကယ်ပစ္စည်းနှင့် ဝပ်ရှော့ဆိုင်များ၊ အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)ရှေ့ရှိ ကျောင်းသားမိဘများ၊ လဝကရုံးရှိ ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။            
Jan 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jan 07,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမတွင် ကျင်းပကြောင်း သိရသည်။
Jan 07,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးရှိ “မြတ်ပညာ”ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ရေး၊ မဲရုံမှူးများနှင့် မဲရုံတာဝန်ရှိသူများ မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြု တတ်စေရန်၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို ယ‌နေ့နံနက် ၉ နာရီက ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်‌ကောင်းတောင်ကျေးရွာရှိ စခန်းသာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကမာရွတ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်းပြီး “မြန်မာတို့၏ ဟင်္သာအလေး၊ တိုးအလေး၊ ခြင်္သေ့အလေး” တို့၏ ထူးခြားသော ဝိသေသလက္ခဏာအကြောင်း စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Jan 07,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲပေးစက်ကိုင်တွယ်သူများအား စက်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့မွမ်းမံသင်တန်းနှင့် မဲရုံအခင်းအကျင်း သရုပ်ပြသင်တန်း အခမ်းအနားကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။