တံတားဦး ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမတွင် ကျင်းပကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားရာတွင် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ မဲပေးရာတွင် မြန်ဆန်မှန်ကန်လွယ်ကူစေရေးအတွက် မဲစာရင်း နံပါတ်ပါသည့် Slip များအားလုံးအား မဲဆန္ဒရှင်ပြည်သူများ လက်ဝယ်ရောက်ရှိရေး၊ မဲဆန္ဒရှင် ပြည်သူများ ရာနှုန်းပြည့်မဲပေးနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများအတွင်း အသိပေးကြေညာခြင်းများ ဆောင်ရွ်ကပေးစေလိုကြောင်း အကျယ်တဝင့် ရှင်းပြောကြားသည်။ ယင်းနောက် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းမှ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ကြိုတင်ဆောင်ရွက်ထား ရှိမှုများကို တင်ပြဆွေးနွေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်၊
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ လိုက်ပါပြီး မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)