ဟိုင်းကြီးကျွန်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန်အတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လူစည်ကားရာလမ်းဆုံလမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြို့အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများသည် မြို့နေလူထုများ ယာဉ်အန္တရာယ်ကင်းဝေး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန်အတွက် အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့နှံ့မှုမှ ကာကွယ်ရန်အတွက် Mask Campaign များကိုပြုလုပ်ပြီး ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)