ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့် Moble စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ကေခိုင်ဝင်းက လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးခံရသည့် အကြောင်းအရာများ၊ လူကုန်ကူးသူများ၏ စုဆောင်းနည်း၊ သယ်ယူပို့ဆောင်နည်း၊ လူကုန်ကူးမှုနည်းအမျိုးမျိုးနှင့် ပြစ်ဒဏ်များအကြောင်းအား အသိပညာပေး ဟောပြောခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်အတွက် တစ်ကြိမ်လျှင် အခန်း (၂) ခန်းနှုန်းဖြင့် တစ်ပတ်လျှင် (၂) ကြိမ် စာအုပ်စာစောင်များအား လဲလှယ်ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)