ကျွန်းစုမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျွန်းစု စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမတွင် ယနေ့နံနက်(၁၀) နာရီခွဲက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက သဘာဝဘေးနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းတွင် မီးဘေး၊ လေဘေး၊ မြေပြိုဘေးများဖြစ်ပွားခဲ့ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ခံစားရသော မိသားစုများအား ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ကော်မတီများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများအား၂၀၂၂ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မှု အစီအစဉ်များကို (၃) လတစ်ကြိမ်ပြုစုပြီး ပေးပို့တင်ပြကြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီးတက်ရောက်လာသော ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုများအား တင်ပြကြရာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့ (ပြန်/ဆက်)