ကလိန်အောင် စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ Online စနစ်ဖြင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က Online စနစ်ဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ဆွေးနွေးသူ ကလိန်အောင်မြို့ စည်ပင် သာယာရေးဦးစီးဌာနမှ ဦးစီးမှူးဦးမင်းခိုင်က အမှိုက်အမျိုးအစား (၇) မျိုးဖြစ်သော မီးဖိုချောင် ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်းထွက် အမှိုက်၊ ခြံထွက်အမှိုက်၊ စက်ရုံအလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ သာမန်အမှိုက်၊ မြို့အတွင်း အမှိုက်သိမ်းဆည်း စွန့်ပစ်မှုအခြေအနေများ၊ အမှိုက်အမျိုးအစားအလိုက် ပျက်စီးဖို့ကြာချိန်များ၊ ပလတ်စတစ်အမှိုက်ကင်းမဲ့စွာနေနိုင်မည့် နည်းလမ်း (၇) သွယ်၊ ဈေးရောင်းချသူများနှင့် ပြည်သူများသိရှိလိုက်နာရမည့်အချက်များ၊ သန့်ရှင်းကောင်းမွန်တဲ့ နေထိုင်ရာပတ်ဝန်းကျင် ဖြစ်စေဖို့ ကလိန်အောင်မြို့ မြို့ပေါ်ရပ်ကွက်များတွင်အပတ်စဉ် အဖွဲ့ပိုင်အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေးလိုက်လံ သိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိပြီး၊ ပြည်သူများသိရှိလိုက်နာရန် အချက်များစသည့် အကြောင်းအရာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုရာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်ရောဂါ ဖြစ်ပွားသည့်ကာလတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာ များကို ဖိတ်ခေါ်ပြီးအွန်လိုင်းစနစ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို Online မှတစ်ဆင့် လစဉ်ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့