အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2022
ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မော်လမြိုင်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့‌ကြောင်း သိရသည်။
Sep 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများနှင့် တပ်မတော်သားများစုပေါင်း၍  သံဃာတော်များအား ဆွမ်း၊ ဝတ္ထုနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီမှစ၍  မြို့ဦးဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ဆက်ကပ်  လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Sep 09,2022
ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲ သစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့မွန်းလွဲပိုင်းက ရပ်ကွက်များအတွင်းသို့ သွားရောက်၍ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ
Sep 09,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလအတွင်း ကျေးရွာ (၁၀) ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန် က လျာထားကျေးရွာများ အနက် နွားမယံကျေးရွာအုပ်စု ပုရပိုက်တန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်း က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် (၁၀၉)ဧကအတွက် (၅. ၄၅) တန်၊ မိုးနေကြာမျိုးစေ့ထုတ် (၁၀၀)ဧကအတွက် (၅.၅၀)တန်၊ ချည်မျှင်ရှည်ဝါသီနှံအတွက် (၁.၂၀)တန်၊ စုစုပေါင်း ဓာတ်မြေသြဇာ (၁၂. ၂၅) တန်အား သက်ဆိုင်ရာသီးနှံစိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
Sep 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်းများ၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီအချိန်က
Sep 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည်
Sep 09,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)အုပ်စုအား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ စလင်းဘဏ်ခွဲမှ ၂၀၂၂_၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကို တောင်သူများ မိုးရာသီကာလ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေးကို ကောင်းစွာ လုပ်ကိုင်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုရှိ တောင်သူ(၃၉)ဦးအား ထုတ်ချေးခဲ့ကြောင်း သိရသည်။