ကရသူရိ စက်တင်ဘာလ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများနှင့် တပ်မတော်သားများစုပေါင်း၍ သံဃာတော်များအား ဆွမ်း၊ ဝတ္ထုနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီမှစ၍ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လှူဒါန်းပွဲကို ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်ကြီးများ၊ အမှတ် (၃၈) ရေတပ်အခြေစိုက် စခန်းမှ စခန်းမှူးဒုတိယဗိုလ်မှူးကြီး ဦးကျော်သီဟနှင့်ဇနီး၊ အမှတ် (၅၅၅) ခြေမြန်တပ်ရင်းနှင့် အမှတ် (၂) စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (ရေ) မှ တပ်မတော်သားများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်မိသားစုများနှင့် ရပ်မိ/ရပ်ဖများက နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဆရာတော်ကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးထံသို့ ဒုတိယဗိုလ်မှုကြီးနှင့်ဇနီးက ဝါဆိုသင်္ကန်း၊ ဝတ္ထုနှင့် ဆွမ်းတို့ ကို ဆက်ကပ်လှူဒါန်းပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများအလိုက် အသီးသီး ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှ ပေးဝေပြီး ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် လှူဒါန်းပွဲသို့ လာရောက်ကြသည့် ဧည့်ပရိတ်သတ်များ၊ ဥပုသ်သီလတည်ဆောက်ကြသူများ၊ ရပ်မိ/ရပ်ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)