ရွှေတောင်မြို့နယ်တွင် မျိုးစေ့ထုတ်တောင်သူများသို့ ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ရွှေတောင် စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်း က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် (၁၀၉)ဧကအတွက် (. ၄၅) တန်၊ မိုးနေကြာမျိုးစေ့ထုတ် (၁၀၀)ဧကအတွက် (.၅၀)တန်၊ ချည်မျှင်ရှည်ဝါသီနှံအတွက် (.၂၀)တန်၊ စုစုပေါင်း ဓာတ်မြေသြဇာ (၁၂. ၂၅) တန်အား သက်ဆိုင်ရာသီးနှံစိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး‌‌ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးအောင်၊ မြို့နယ်စိုက်/ကြပ်ကော်မတီဝင်ပါ ဌာနဆိုင်ရာအကြီးအကဲများ၊ သီးနှံစိုက်ပျိုးသည့်တောင်သူများ စုစုပေါင်းအင်အား (၉၈)ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်ကော်မတီဝင်ပါ ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာ တောင်သူများ လက်ဝယ်သို့ ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)