နောင်ချို စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာကျင့်သုံးစေရေးအတွက် ယနေ့နံနက်(၉)နာရီ အချိန်ကစတင်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေခြင်းများ ပြုလုပ်ရာတွင် လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေးထောင့်များနှင့် မီးပွုင့်ထောင့် လမ်းဆုံတွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူ များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ နေထိုင်စေရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask)အခုရေ(၅၀၀)အား ဖြန့်ဝေပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)