ကော့ကရိတ် စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉အိုမီခရွန်မျိုးကွဲ B4B5 ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာနေရာတို့တွင် သွားလာကြသည့် ပြည်သူ့များအား နှာခေါင်းစည်း mask တပ်ဆင်၍သွားလာကြရေးအတွက် mask နှာခေါင်းစည်းများကိုအခမဲ့ဖြန့် ဝေပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က အမှတ်၅ရပ်ကွက် ဇိနသုခဘုရားရှေ့လမ်းမကြီးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဖြန့် ဝေပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉အိုမီခရွန်မျိုးကွဲ B4B5ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းတပ်ဖွဲ့ဝင်တို့မှ သွားလာနေကြသည့် ပြည်သူများအား mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေးအသိပေးနှိုးဆော်ပြီး mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)