နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာတွှင် လုံခြုံရေးနယ်မြေ တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ဆုံပွဲ ပြုလုပ်

နတ်မောက် စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လုံခြုံရေးနယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ဆုံပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က သရက်ချဉ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။        

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး တင်ကိုကိုက ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပြည်သူ့လုံခြုံရေး အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးအောင်ကိုဌေးက ကျေးရွာရှိပြည်သူများကို ကိုဗစ်-၁၉ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှု ခံယူကြရန် စသည့်အကြောင်းအရာများ ရှင်းလင်းခြင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်တင်တင်မူက သစ်ဆွေးမြေဩဇာအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ကိုကိုက ပြန်လည်ဖြေကြား  ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှဝင်း