ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဈေးရှေ့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်

ပန်းတောင်း စက်တင်ဘာ        ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူး​ပေါင်းပြီး ဥသျှစ်ပင်စည်ပင်သာယာစျေး၊ ဥသျှစ်ပင်လမ်းဆုံ၌ ယမန်နေ့နံနက်(၇:၃၀) အချိန်ကစ၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး၊ ဈေးရောင်းချသူများနှင့် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ကြရန်အတွက် နှာ‌ခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။  

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ​​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးဦးချစ်ကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအေးကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဒုရဲမှူးဦးမျိုးမင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်စျေးတာဝန်ခံ ဦးနေလင်း၊ မြို့နယ်ကုသရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် လိုက်နာကြရန်၊ ဈေးရောင်းချသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများမှလည်း Mask တပ်ဆင်ပြီးမှ ဝယ်ယူကြစေရေးနှင့် ပြည်သူများအားလုံး နှာခေါင်းစည်းတပ်ဆင်ကြ​စေရေးလှုပ်ရှားမှုအဖြစ် Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)