မြို့သစ်မြို့တွင် ရပ်/ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း ဖွင့်ပွဲ ကျင်းပ

မြို့သစ် စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊မြို့သစ်မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့က ရပ်/ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းဖွင့်ပွဲကို မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတား ဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး(ဒု)ရဲတပ်ဖွဲ့မှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်ဥပဒေအရါရှိက သင်တန်းဖွင့်လှစ်ပို့ချမည့် ဘာသာရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ယနေ့မှ စက်တင်ဘာ(၁၄)ရက်နေ့အထိ သုံး ရက်ကြာ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)