ကျောက်ကြီးမြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကျင်းပ

ကျောက်ကြီး စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်စီမံကိန်းဦးစီးဌာနက ဦးဆောင်ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေသန္တရ ရင်းနှီးမြှုပ်နှံမှု လျာထားချက်များဖြစ်သည့် တိုင်းဒေသကြီးဘတ်ဂျက်၊ ပြည်ထောင်စုဘတ်ဂျက် တို့ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများ၏ ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်အတွင်း ဌာနများမှ ဆောင်ရွက်လိုသော အဆိုပြုလျာထားသည့် လုပ်ငန်းများ၏ အဆိုပြုလျာထားချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာန ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်အတွင်း အဆိုပြုလျာထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)