ကျိုင်းတောင်း စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ လူသွားလူလာများသည့် ကားလမ်းမများသို့ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် ကျိုင်းတောင်းမြို့ အမှတ်(၃)တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျိုင်းတောင်းနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ်လိုက်နာကြရန်၊ ပြည်သူများနေအိမ်မှ ပြင်ပသို့ထွက်ခွါသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်ကြစေရေးလှုပ်ရှားမှုအဖြစ် (Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)