ကလေး စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၂) ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ထွန်းနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းအောင်မှ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း(၁၅၀)ကျော် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများမှ အသိပညာ ဗဟုသုတများရရှိစေရန် ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မောင်ကျော် (ပြန်/ဆက်)