ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူကုန်ကူးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဉ္ဇူက အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှုဆိုသည်မှာ၊ မြန်မာနိုင်ငံနှင့် လူကုန်ကူးခံရမှု အခြေအနေတို့ကို ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက လူကုန်ကူးမှုခံရခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ၊ လူကုန်ကူးခံရသူ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း စသည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးမဉ္ဇူ (ပြန်/ဆက်)