အမြို့မြို့အနယ်နယ်သတင်းများ

Jan 08,2026
နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ပျဉ်းမနားခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့်တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက တောင်သူများနှင့်တွေ့ဆုံကာ အနိမ့်တင် solar pump အသုံးပြုပုံရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jan 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Jan 08,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းက စျေးကလေးရပ်ကွက်၊ ဗားကရာဆိပ်ကမ်းနှင့် ကမ်းနားလမ်းရှိ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 08,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် တာဝန်ထမ်းဆောင်မည့် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၆ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်ရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 08,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇန်နဝါရီလ ၁၁ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၏ မဲရုံတည်ဆောက်မှုအခြအနေများကို ယနေ့ ညနေပိုင်းက တာဝန်ရှိသူများ သွားရောက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jan 08,2026
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အသုံးပြုမည့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။
Jan 08,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနှင့် သီးထပ်စွမ်းအားမြင့်မားရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက  ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ခွဲဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
Jan 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် ဆရာတော်များ၏ သြဝါဒကိုခံယူ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကျင်းပသည့် မြို့နယ်လုံးကျွတ်နှစ်ဦးသံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမစလင်းကျောင်းတိုက်ရှေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။